ပြတင်းပေါက်

ပြတင်းပေါက်

ကျွန်တော့်ပြတင်းပေါက်မှာ 

ပုံရိပ်လွှာတွေ အကွက်ပြောင်း,က

သက်ပြင်းချသံတွေ ကြားနေရတယ်။


ရာသီကူးတတ်တဲ့ ဇာတ်လမ်းတွေ

အခွံချင်း လဲလှယ်တဲ့အခါ

ငါ,ငါဆိုတဲ့ အစွဲတွေကို လျှော်ဖွပ်ဖို့

ဘယ်လိုချွတ်ဆေးသုံးရပါ့။


ကျွန်တော့်ပြတင်းပေါက်က တောက်ခေါက်သံများ

အခုလို အနိဌာရုံထဲ

မိုးသည်းတဲ့အခါမျိုးမှာပေါ့။ 


ဒီလိုနဲ့ပဲ

မိုးစဲသွားတဲ့တစ်နေ့

ကျွန်တော့်ပြတင်းက တံခါးချပ်တွေ 

ဖျပ်ခနဲ ပိတ်သွားခဲ့

ဘယ်တုန်းကမှ ဖွင့်မထားခဲ့သလိုမျိုး။