တံငါသည် ရေနစ်ခြင်း
ဒီနေ့လည်း
ဘာငါးမှ မရပြန်ဘူး အချစ်ရေ...
ကျွန်တော့်ပြတင်းပေါက်မှာ
ပုံရိပ်လွှာတွေ အကွက်ပြောင်း,က
သက်ပြင်းချသံတွေ ကြားနေရတယ်။
ရာသီကူးတတ်တဲ့ ဇာတ်လမ်းတွေ
အခွံချင်း လဲလှယ်တဲ့အခါ
ငါ,ငါဆိုတဲ့ အစွဲတွေကို လျှော်ဖွပ်ဖို့
ဘယ်လိုချွတ်ဆေးသုံးရပါ့။