မှုန်ရီရီ ကမ်းပါးမှတစ်ဆင့်
မြဆန်တဲ့ မြစ်ဟာ
မြို့ကလေးကို နမ်းထိသွားပေါ့
ကြယ်မွှားမွှား လူးထားတဲ့ညမှာ
ဆောင်းဟာ
အိမ်သစ်ပြောင်းသွားခဲ့
အသိုက်မှာပဲ
ခုံခုံမင်မင် မြုံချင်နေတဲ့ ငှက်ပါ
ရာသီကို ဆန်တက်ခဲ့ရ
ဆောင်းညတွေကို မေ့မရခဲ့ဘူး ။ ။