ပြန်ဆုံချင်တယ်

မွန်းကြပ်နေတဲ့ အခန်းထဲကထွက်
လယ်ကွင်းနဲ့တောတန်းနံဘေးမှာ ရပ်ပြီး
အသက်ဓါတ်ပါတဲ့ လေသန့်သန့်လေး ရှုရှိုက်မိသလိုမျိုး...
အမှတ်တရတို့ရှိနင့်ပြီး
စွဲလန်းခဲ့ဖူးတဲ့ သီချင်းကောင်းလေး
အချိန်တွေ အကြာကြီး ဝေးပြီး
ကိုယ်အထီးကျန်ချိန်မှာ ပြန်နားထောင်မိသလိုမျိုး......
တစ်ခုခုဆို
ခုံခုံမင်မင်
ကြင်ကြင်နာနာ
ကိုယ့်အပေါ်မှာ နားလည်ခဲ့ဖူးသူတစ်ယောက်.....။
- ငြိမ်းဝေမင်း