ChatGPT ကျွမ်းချင်ရင် သိထားသင့်တဲ့ prompt types တွေ

ChatGPT မှ မဟုတ်ပါဘူး။ Gemini , Claude ဘယ် LLM chatbot ပဲ သုံးသုံး ကျနော်တို့က AI ကို ခိုင်းရပါတယ်။ အဲ့ဒီလို ခိုင်းတာက prompt ပေးတာပါပဲ။
AI က ကိုယ်ရှာခိုင်းတဲ့ သတင်းအချက်အလက်ကနေ ကိုယ်ဆွဲခိုင်းတဲ့ ဒီဇိုင်းအထိ အကုန်လုပ်ပေးနိုင်ပေမယ့် prompt မမှန်ရင် , မတိကျ , မရှင်းလင်းရင် သူလည်း ယေဘုယျဆန်ဆန်တွေပဲ အဖြေထုတ်ပေးမှာပါ။
အဲ့ဒီတော့ chatbot တွေကို ကောင်းကောင်းခိုင်းတတ်ဖို့ prompting ကောင်းဖို့ လိုပါတယ်။ နေ့စဉ်ပုံမှန်ဘဝမှာ productive ဖြစ်ဖို့ ChatGPT သုံးနေတယ်ဆိုရင် ဒီ prompt types လေးတွေ သိထားဖို့ လိုပါတယ်။
(၁) Summarize လုပ်ခိုင်းတဲ့ prompts
ChatGPT သုံးလို့ အကောင်းဆုံးနေရာက summarize လုပ်တာပါပဲ။ စာအရှည်ကြီးတွေ ၊ မှတ်တမ်းကြီးတွေနဲ့ PDF ဖိုင်တွေကို အတိုချုပ်ပြောခိုင်းမယ်ဆိုရင် ကိုယ် summarize လုပ်ခိုင်းချင်တဲ့ document တင်ပြီး prompts လေး ပေးကြည့်ပါ။
ဥပမာ-
“What are the key takeaways from this document?”
ChatGPT ချပေးတဲ့ summarize ကိုမှ အရေးအသား tone ကို စာဆန်ဆန်ကြိုက်လား ၊ ပေါ့ပေါ့ပါးပါး Casual လေသံနဲ့ ရေးစေချင်လာ ပြင်ခိုင်းလို့ ရပါတယ်။
(၂) စာပြင်ရေးခိုင်းမယ့် prompts
ဒါကလည်း အသုံးများပါတယ်။ အီးမေးလ်ပို့ဖို့ ဖြစ်ဖြစ် ၊ Content ရေးရင်ပဲ ဖြစ်ဖြစ် စာတစ်ပုဒ်ကို ကိုယ်လိုချင်တဲ့ အရေးအသားပုံစံ ပြောင်းချင်ရင် သုံးဖို့ပါ။
အီးမေးလ်ပို့မယ်ဆို အရင်ဆုံး ကိုယ်ရေးထားတဲ့ စာကို ပို့ပြီး "Rewrite this email to sound more confident but still friendly.” လို့ prompt ပေးတာမျိုးပါ။
(၃) အိုင်ဒီယာရှာခိုင်းမယ့် prompts
creative သမားတွေ ခေါင်းခြောက်တဲ့ကိစ္စကို ChatGPT သွားအကြံတောင်းကြမယ် ဆိုပါစို့။ ကိုယ့်အတွက် အလင်းပွင့်အောင် အကြံတောင်းဖို့ အခုလို prompts မျိုးတွေ ပေးလို့ ရပါတယ်။
လုပ်ငန်းတစ်ခုခု ထောင်ဖို့ ဘယ်ကစရမလဲ အကြံပေါ်ချင်ရင် ChatGPT မှာ "I am considering to start a small restaurant. Suggest me how to start" ဆိုပြီး မေးလို့ရပါတယ်။
prompt ပေးတဲ့အခါမှာ အပြန်အလှန် တစ်ဆင့်ချင်း အသေးစိတ် ထိထိရောက်ရောက် ပေးနိုင်လေ ChatGPT အဖြေတွေက ပို Strong ဖြစ်လေလေပါပဲ။
(၄) အချက်အလက်နှိုင်းယှဉ်ခိုင်းတဲ့ prompts
ပစ္စည်းနှစ်ခုထဲက ဘယ်ဟာ ရွေးရမလဲ ခေါင်းစားနေရင်လည်း ChatGPT ကို ပစ္စည်း quality နဲ့ specs တွေ ယှဉ်ခိုင်းပြီး အကြံတောင်းနိုင်ပါတယ်။ iPhone 15 Pro နဲ့ Galaxy S24 Ultra ဘာဟာဝယ်ရင်ကောင်းမလဲ စဉ်းစားနေရင် “Compare the iPhone 15 Pro and Galaxy S24 Ultra for battery life, camera and AI features.” ဆိုတာမျိုး prompt လေး ပေးပြီး ယှဉ်ခိုင်းလို့ ရပါတယ်။
(၅) Role-play prompts
ChatGPT ကို ကိုယ်ဖြစ်စေချင်တဲ့ လူတစ်ယောက်လို assign ချပြီး ခိုင်းတဲ့ role-play အကွက်ကလည်း အတော်အလုပ်ဖြစ်ပါတယ်။ ဥပမာ ကိုယ်က တစ်ပတ်စာ ဟင်းချက်ဖို့ မအားဘူးဆိုရင် ChatGPT ကို
“Act like a nutritionist. Create a 7-day meal plan for someone with no time to cook.” ဆိုပြီး prompt ပေးတာပါ။
prompt types တွေထဲမှာမှ အခုပြောခဲ့တာတွေက အတော်အသုံးများသလို daily life မှာလည်း တော်တော်လေး productive ဖြစ်လို့ စမ်းကြည့်စေချင်ပါတယ်။